Saturday, 20 June 2015

တိတ်တခိုးဆုတောင်း

အချိန်တိုအတွင်း ယုံကြည်ခဲ့မိတဲ့
တို့ နှစ်လုံးသားတစ်စုံဟာ
မျက်ရည်ကိုအဖော်မပြုရပါစေနဲ့ လို့ 
တိတ်တခိုးဆုတောင်းနေရင်း
. . .
အချိန်တိုလေးအတွင်းမှာ
မင်းခြေရင်းမှာဝပ်ဆင်းခဲ့မိတဲ့
နှလုံးသားတစ်စုံဟာ
အပြစ်ရှိနေခဲ့ပြီလား............?
မမျှော်လင့်ဘဲကြားလိုက်ရတဲ့
အသံလေးတစ်သံကို
နားယောင်လို့ စွဲလမ်းမိတာလား..........?
တို့ ရဲ့ အဖြစ်ကို...
ထပ်တုထပ်မျှ ခံစားပေးတတ်တဲ့
ကြင်နာယုယတတ်တဲ့
နှလုံးသားတစ်စုံကို စွဲလန်းမိတာလား.........?
မမြင်ဘူးတဲ့မျက်နှာကို
ပုံဖော်ကြည့်လို့ စိတ်ကူးထဲမှာ
ပျော်နေခဲ့မိတာကို
ရင်ခုန်နေခဲ့မိတာလား.........?
ဘာပဲဖြစ်နေဖြစ်နေပေါ့
မင်းရဲ့ ခြေရင်းမှာ
မာနတွေခ၀ါချလို့ 
အချိန်တိုအတွင်း ယုံကြည်ခဲ့မိတဲ့
တို့ နှစ်လုံးသားတစ်စုံဟာ
မျက်ရည်ကိုအဖော်မပြုရပါစေနဲ့ လို့ 
တိတ်တခိုးဆုတောင်းနေရင်း
ကဗျာလေးအဆုံးသတ်မှာ
မင်းကိုတကယ်ချစ်မိသွားပြီ.........။

ကဗျာနန်းတော် ပိုစ့်မှ

ရင်ထဲကိုထိသွားတာပဲဟယ်

သေချင်းဆိုးမလေး

ကြည့်ကြ !! ဟော်ဒါ...
ငါ့ရဲ့ ချစ်လှစွာသော သေချင်းဆိုးမလေး ဖြစ်ပေရဲ့။
ဘ၀က..
ပေါ့ပေါ့ပါးပါး ခံယူလိုက်ပုံများ..
မြင်လား !! " သူမ " တစ်ကိုယ်လုံးတောင်မှ
ပါးပြီး ပေါ့နေတဲ့ပုံ။
(အဲ့ဒီသေချင်းဆိုးမလေးက)
"မျော်လင့်ချက်"ဆိုတာကိုလည်း အယုံအကြည်မရှိပေဘူး။
နောက်ပြီး..သူမက
"အရူး" နဲ့ "နတ်ဘုရား" တွေကိုလည်း
အတူတူလို့ သဘောထားတတ်သေး...
အဲ့ဒီ သေချင်းဆိုးမလေးပေါ့ !!!
ဘ၀ဟာ...
ဝမ်းနှုတ်ဆေး တစ်ခွက်လောက်တောင်မှ
အာမခံချက် မပေးနိုင်ဘူးလို့ယူဆ
(အဲ့ဒီ သူမက)
လမ်းမှာ ခဏခဏပြုံးပြတတ်သူတွေကိုလည်း
"အာရုံကြောရောဂါ ရနေတယ်" လို့လှောင်တတ်သူ...
အဲ့ဒီ သေချင်းဆိုးမလေးပေါ့ !!!
လောကကြီးရဲ့ အယုအယ ခံဘို့ရာ
နေရာတစ်နေရာ ရှာရမှာကို ရှက်တတ်။
ကြယ်သရဖူတွေ ကြွေကျလာရင်တောင်
ခြေမနဲ့ညှပ်ပြီး ကောက်ဆောင်းဘို့ကို
ပျင်းရိတတ်သူ...
အဲ့ဒီ သေချင်းဆိုးမလေးပေါ့ !!!
ဈေးပေါပေါဆက်ဆံမှု့တွေကို ရွံရှာ
"မင်္ဂလာ နံနက်ခင်းပါ" လို့နှုတ်ဆက်ခံရတာကို..မုန်း။
ကိုယ့်မျက်လုံး ကိုယ်တံခါးပိတ်ပြီး
နေမြင့်တဲ့ အထိအိပ်တတ်သူ..
အဲ့ဒီ သေချင်းဆိုးမလေးပေါ့ !!!
တစ်နေ့ တစ်နေ့ 24 နာရီပြည့်အောင် စောင့်ရတာကို စက်ဆုပ်
ထမင်းနှစ်ခါတောင် စားနေရတာကို
အလုပ်ရှုပ်တယ်လို့ ထင်တဲ့သူ...
အဲ့ဒီ သေချင်းဆိုးမလေးပေါ့ !!!
သူမရဲ့ အကျီင်္လက်ရှာ်အဖျားတွေကိုတောင်
အောင်အောင်မြင်မြင် မခေါက်တင်တတ်
ကြောင်ကလေးတစ်ကောင်ကို အ၀တ်ပတ်သလို
ဖိုသီ ဖတ်သီနေထိုင်
(သူမ ကိုယ်တိုင်က..)
"ဘ၀" ကို ကြယ်သီးအပြည့်တပ်ပြီး ၀တ်ဆင်ရမှာ
ကျဉ်းကျပ်တယ်လို့ ထင်တဲ့သူ။
သူမရဲ့ဘ၀မှာ..
အချစ်ဆိုတာ ဘယ်ရှိနိုင်မလဲ !!!
မြို့ထဲက ပလက်ဖောင်းတွေပေါ်မှာ
လမ်းလျှောက်တဲ့ အခါမျိုးတောင်မှ
မျက်နှာချင်းဆိုင်က လာတဲ့သူတွေကိုရှောင်..ရှောင် ပေးရတာ
(သူမဘက်က) လိုအပ်တာထက် ပိုကျဆုံး
အတ္တတွေ ဘုန်းနိမ့်ကုန်ပြီလို့ ထင်တဲ့မိန်းမ..
မျက်နှာပေါ် ဆံပင်တွေ ၀ဲကျ
အဲ့ဒီ ဖရိုဖရဲမလေးပေါ့...
(သူမက ခေါင်းဖြီးရတာကို အလုပ်ပိုလို့ ထင်တယ်)
"ကမ္ဘာမြေ ဆွဲငင်အားရှိမှတော့
ဆံပင်တွေ အောက်ကိုကျနေတာ
ဘာ မကျေနပ်စရာရှိသလဲ" လို့လည်းမေးရဲ့။
အဲ့ဒီ သေချင်းဆိုးမလေးပေါ့ !!!
"နစ်ရှေး" ရဲ့အတွေးအခေါ်ကျမ်းကို ဆွဲဆုတ်
ပလက်ဖောင်းပေါ်က ဖုန်တွေကို
အဲဒီ စက္ကူနဲ့သုတ်ပြီး ထိုင်တဲ့သူ..။
"ကျွန်မက..
ဘယ်သူ့ကိုလက်ဆွဲ နှုတ်ဆက်ရမှာလဲ ?
ဒါမှမဟုတ်...ဘယ်သူ့ကို အမြီးနှံ့ပြရမှာလဲ ?..."တဲ့၊ကဲ !!!
အဲ့ဒီ သေချင်းဆိုးမလေးပေါ့ ....
သူမက စိတ်အလိုမကျရင်လည်း
"ဆဲ"တက်သေးတယ်...။
အဲ့ဒီ သေချင်းဆိုးမလေးပေါ့.....
စိတ်ကူးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
....ပိုလေးတယ်လို့ ယူဆ။
တစ်စုံတစ်ယောက်ကို သတိရဖို့
ဘယ်တုန်းကမှ မတက်ကြွခဲ့သူ။
အဲ့ဒီ သေချင်းဆိုးမလေးပေါ့ !!!
"သမ်းဆည်းစရာတွေ များလွန်းနေတဲ့ ဘ၀မှာ
ကျွန်မက...ကိုယ့်ကို ကိုယ်တောင်
သိမ်းမထားချင်းနဲ့ကောင်...." လို့ပြောခဲ့။
တကယ့် သေချင်းဆိုးမလေးပေါ့..
ဟောဒီမှာ မလှူပ်မယှက်ခေါက်ခွေ
အဲသည်လို နေရုံသက်သက်ကလေး နေ နေလိုက်ပုံက
ဘ၀ကို အ၀တ်ရုပ်တစ်ရုပ်လို့ ယူဆ
တစ်စုံတစ်ဦးက သူမကို ပစ်ချခဲ့တဲ့ အတိုင်းပါပဲ....။
သူမက လောကကြီးကို ခါးပြီး
အဲဒီ ခါးသီးတဲ့ အရသာကပဲ
သူမကို ပြန်ခါးတယ်...
နားလည်ပေးလိုက်ပါ..လောကကြီးရေ...
"ဘာများ အရေးကြီးလို့လဲ" ဆိုတဲ့ လှောင်ကြည့်နဲ့
ခင်များကို ရိသဲ့သဲ့ ပြုံးပြနေတဲ့မိန်းမ....
သူမကတော့ မတောင်းပန်တတ်တာ သေချာတယ်။
နားသာလည်ပေးလိုက်ပါ..လောကကြီးရေ..။
ဒါမှမဟုတ်..သူမကို ခွင့်လွှတ်ပါ...
လောကကြီးရေ..
ဒါမှမဟုတ်..သူမကို ဦးညွှတ်ဂုဏ်ပြုပါ..
ဒါမှမဟုတ်..သူမကို တစ်ခုခု ပြစ်ဒဏ်ခတ်ပါ...
ဒါမမဟုတ်..
လောကကြီးရေ..အဲ့ဒီ သေချင်းဆိုးမကို
ပစ်သာချထားလိုက်ပါ....
"သူမ" ပေါ့...
... .... ....
နတ်ဆိုးတစ်ပါးလည်း ဖြစ်
ကောင်းကင်တမန်လည်း ဖြစ်
(အဲဒီ သေချင်းဆိုးမလေး ကိုမှ)
ငါက...
လည်ပင်းညှစ်သတ်ချင်လောက်အောင်
ချစ်နေမိခဲ့တာပေါ့ကွယ်...

အဖေပြေားသေားပုံပြင်

အဖေပြောသော ပုံပြင်

(ဒီပုံပြင်လေးကတော့ အဖေပြောပြတဲ့ ပုံပြင်လေးပါ။
ဝိသုဒ္ဓိမဂ်လာ အဆိုတခုကို အကြောင်းပြုပြီး ပြောပြတဲ့ ပုံတပုဒ်ဆိုပါတော့။
သိပြီးသားလည်း ဖြစ်ကြမှာပါ၊ ပုံ မပြောရတာကြာလို့ ပြောပြလိုက်ပါတယ်။
ဖတ်ကြည့်ကြပါဦး ရှင် … ။)
***
တခါက လုလင်တယောက်ဟာ ခရီးသွားရင်း မျက်စိလည်လမ်းမှားပြီး တောအုပ်တခုထဲ
နယ်ကျွံရောက်ရှိသွားပါသတဲ့။ အဲဒီတောအုပ်ကတော့ ဘီလူးမကြီးတယောက်
အပိုင်စားရထားတဲ့ တောအုပ်ကြီးပါပဲ။ ဘီလူးမကြီးဟာ ဒီတောအုပ်ထဲ ရောက်လာသမျှသူတွေကို
ဖမ်းစားပိုင်ခွင့်ရှိတယ် ဆိုတော့ ခုလို နယ်ကျွံပြီး သူ့ပိုင်နက်ထဲ ရောက်လာတဲ့ ခရီးသွားလုလင်ဟာ
ဘီလူးမကြီးရဲ့ အစာဖြစ်နေတော့တာပေါ့။
ဒါပေမဲ့ ဘီလူးမကြီးဟာ ဒီလုလင်ပျိုကို ကြည့်ပြီး ချစ်ကြိုက်မိတာနဲ့ သတ်မစားတော့ဘဲ သူ့ကိုယ်သူ
နတ်သမီးတမျှ ချောမောလှပတဲ့ မိန်းကလေးငယ် တယောက်အဖြစ် ဖန်ဆင်းကာ လုလင်ပျိုရှိရာ
သွားခဲ့တယ်။
ဒီနောက်တော့ နှစ်ဦးသား ချစ်ကျွမ်းဝင်သွားကြတယ် ဆိုပါတော့။
ဘီလူးမကြီးတဖြစ်လဲ ချောမောလှပတဲ့ မိန်းကလေးနဲ့တွေ့သွားတဲ့ လုလင်လည်း
ကိုယ့်ရပ်ဌာနေကိုတောင် ပြန်ဖို့သတိမရဘဲ အဲဒီတောအုပ်ကြီးထဲက ကျောက်ဂူကြီး တခုထဲမှာပဲ
ဘီလူးမကြီးနဲ့ ပေါင်းသင်းနေထိုင်နေကြတော့တယ်။ စားရေးသောက်ရေးကို ဘီလူးမကြီးက
ရှာဖွေဖန်တီးပေးပြီး ကျောက်ဂူကြီးနဲ့ အနီးတ၀ိုက်လောက်သာ သွားလာဖို့လည်း သူ့ကို
မှာကြားထားတယ်။
ဒီလိုနဲ့ နေလာရင်း တနေ့ နေ့လည်ခင်း ဘီလူးမကြီး မရှိစဉ်မှာ
လုလင်ဟာ ကျောက်ဂူအနီးတ၀ိုက်သွားလာ နေတုန်း ၀ိဇ္ဖာဓိုရ် တဦးနဲ့တွေ့ပါလေရော။
ဘီလူးမကြီး ပိုင်နက် တောအုပ်မှန်း သိထားတဲ့ ၀ိဇ္ဖာဓိုရ်က လူသားယောက်ျားတယောက်ကို
ခုလို တွေ့လိုက်ရလို့ အံ့သြတကြီး မေးပါတယ်။
“အသင် လုလင် … ဒီတောအုပ်ကြီးအတွင်း ဘာလာလုပ်နေပါသလဲ”
“ဒီတောအုပ်ကား ကျွန်ုပ်နှင့် ကျွန်ုပ်ဇနီးသည် နေထိုင်ရာ တောအုပ်ဖြစ်ပါတယ်၊
ညဆိုလျှင် ဟောဟိုက ကျောက်ဂူကြီးတွင်း အိပ်စက် နားနေကြပါတယ်” လို့ပြန်ဖြေတော့ …
ဝိဇ္ဖာဓိုရ်က သဘောပေါက်လိုက်ပါတယ်။ ဒီလူသားဟာဖြင့် ဘီလူးမကြီးရဲ့ လှည့်စားမှုကို ခံနေရပြီ၊
ငါ မပြောပြလို့ မဖြစ်တော့ဘူး လို့ ကြံတွေးပြီး … ခုလို ဆက်ပြောပါတယ်။
“အသင် လူသား … သင်မှားနေပြီ၊ ဒီတောအုပ်ကြီးဟာ အလွန်ကြောက်စရာကောင်းတဲ့
ဘီလူးမကြီးရဲ့ ပိုင်နက် ဖြစ်တယ်၊ ဒီတောအုပ်ထဲ ရောက်လာသမျှ သတ္တ၀ါတွေကို သူက
ဖမ်းစားနိုင်ဖို့ နတ်မင်းကြီးတွေဆီက အခွင့် ရထားတယ်၊ ဒါကြောင့် သင်ပြောတဲ့ ဇနီးသည်ဆိုတာ
ဘီလူးမကြီးသာလျှင် ဖြစ်ရမယ် … ဒီဘီလူးမကြီးဟာ သင်နဲ့ ပေါင်းသင်းရာက ငြီးငွေ့လာတဲ့အခါ
သင့်ကို သတ်စားလိမ့်မှာ ဧကန်ပဲ … သင် အမြန်ဆုံးသာ လွတ်အောင်ပြေးပေးတော့”
“မဖြစ်နိုင်ပါဘူး ခင်ဗျာ … ကျွန်ုပ်ဇနီးသည်ဟာ အလွန်သိမ်မွေ့ ယဉ်ကျေးလိမ်မာတဲ့ မိန်းကလေးပါ
… ဘီလူးမကြီး မဟုတ်ပါဘူး”
အဲဒီလို ၀ိဇ္ဖာဓိုရ်ပြောတဲ့ စကားကို မယုံကြည်တဲ့ လုလင်ဟာ နေမြဲတိုင်းသာ
ဆက်လက်နေထိုင်ခဲ့ပါတယ်။
နောက်တကြိမ် ၀ိဇ္ဖာဓိုရ်လာခိုက် သူနဲ့ထပ်တွေ့ပြီး အကျိုးအကြောင်း ပြောပြန်တော့လည်း
ဒီလုလင်ဟာ မယုံကြည်ဘဲ ရှိစမြဲပါပဲ။
တတိယအကြိမ်ထပ်မံဆုံတဲ့အခိုက်မှာ
တော့ ၀ိဇ္ဖာဓိုရ်က မဖြစ်ချေဘူး ဆိုပြီး
“ကဲ … အသင်လူသား … သင့်ကို ကျွန်ုပ်တခု အကြံပေးမယ် … ညဘက် သင့်ဇနီး အိပ်မောကျပြီ
ဆိုတဲ့အချိန်ကျရင် ဟောဒီ မီးခတ်ကျောက်နဲ့ အလင်းရောင်ရအောင် ခတ်ပြီး
သင့်ဇနီးကိုကြည့်ပေတော့၊ အိပ်မောကျနေတဲ့အချိန်ဆို သူ ဟန်ဆောင်လို့ မရဘူး၊ ဇာတိပြန်လိမ့်မယ်၊
အသင် ကြည့်ဖြစ်အောင်ကြည့်ပါလေ”
လို့ ထပ်မံတိုက်တွန်းတော့မှ လုလင်လည်း မီးခတ်ကျောက်လေး ဆောင်ပြီး အိပ်ရာဝင်သတဲ့။
ညဘက် တော်တော်လေး ညနက်တဲ့အချိန် သူ့ဇနီး အိပ်မောကျပြီဆိုတော့မှ အသာလေး ထပြီး
မီးခတ်ကြည့်တော့ အလင်းရောင်အောက်မှာ အစွယ်ပြူးပြူး
ဘီလူးမကြီးကို ကြောက်မက်ဖွယ် တွေ့လိုက်ရတယ်။
ဒီတော့မှ သူလည်း အရမ်းကို ထိတ်လန့်သွားပြီး ငါ ဆက်နေလို့တော့ဖြင့် မဖြစ်ချေဘူး၊
ခုချက်ချင်း ပြေးမှ တော်ရုံကျမယ် လို့ တွေးမိပြီး တချိုးတည်း ပြေးတော့တာပဲ။
ခဏအကြာ ဘီလူးမကြီး သိတော့ နောက်ကလိုက်တယ်၊ သူကလည်း ရှေ့ကနေ မရပ်မနားပြေးရင်း
ဘီလူးမကြီးပိုင်တဲ့ တောအုပ်ကိုလွန်သွားတဲ့အခါမှာတော့ … ဘီလူးမကြီးရဲ့ ဘေးဒုက္ခအပေါင်းက
လွတ်မြောက်ရာကို ရောက်ရှိသွားပါတယ်။ ဒီတော့မှ လာလမ်းကို ပြန်ကြည့်တော့
တဖက်တောအုပ်ထဲမှာ ဘီလူးမကြီးက သူ့ကို မျှော်ငေးရင်း ကျန်နေခဲ့ပါတော့သတဲ့။
***
ပုံပြင်လေးကတော့ ဒါပါပဲ။
တကယ်တော့ ဒီပုံပြင်လေးဟာ ၀ိသုဒ္ဓိမဂ်ထဲက ၀ိပဿနာ ဥာဏ်စဉ်တွေနဲ့ပတ်သက်ပြီး
ဥပမာပေးထားတဲ့ ပုံပြင်လေးတပုဒ်ပါ။
ကိုယ့်ခန္ဓာဟာ ဒုက္ခမှန်း မသိသေးသမျှ ခင်တွယ်နေကြ စွဲလမ်းနေကြတယ်၊ တကယ်တမ်း
ဒုက္ခအတိဆိုတာကို ဥာဏ်နဲ့ ရှုမြင်လိုက်တော့မှ ဒုက္ခချုပ်ငြိမ်းရာကို ရှာဖွေ အားထုတ် ရှုမှတ်ကြရင်း
ဥာဏ်စဉ် အဆင့်ဆင့် တက်သွားပြီး နောက်ဆုံးမှာ (ဒုက္ခမှ လွတ်မြောက်ရာ) မဂ်ဥာဏ်
ဖိုလ်ဥာဏ်ကို ဆိုက်ရောက်ရကြောင်းကို ဒီပုံပြင်လေးနဲ့ ဖော်ပြထားတာပါ။
***
ကျမတို့ဟာ သာမန်အားဖြင့် အကျိုးနဲ့အပြစ်ကို ခွဲခြားပြီး သိကြပါတယ်။ ဒါပေမဲ့
အပေါ်ယံလောက်သာ သိကြတာမို့ အပြစ်ရှိမှန်း သိရက်နဲ့ လုပ်နေမိသလို အကျိုးရှိမှန်းသိရက်နဲ့
မလုပ်မိတာတွေ ရှိပါတယ်။ ဥာဏ်နဲ့ တကယ်ကို သိတော့မှသာ … အပြစ်ရှိကြောင်း
မကောင်းသောအကျင့်တွေကို စွန့်လွှတ်နိုင်ပြီး အကျိုးရှိရာရှိကြောင်း ကောင်းသော
အလုပ်တွေကို ပြုလုပ်နိုင်ကြမယ်ဆိုတာ သေချာပါတယ်။
ဒါကြောင့် ကျမ အလွန်နှစ်သက်တဲ့ ၀ိသုဒ္ဓိမဂ်လာ အောက်ပါအဆိုကို ဝေငှ လိုက်ရပါတယ်ရှင်။
***
အပြစ်တစုံတရာကို ဥာဏ်နဲ့ရှုမမြင်သေးသရွေ့ စွန့်လွှတ်ခြင်းငှာ မစွမ်းနိုင်။
အကျိုးတစုံတရာကို ဥာဏ်နဲ့ရှုမမြင်သေးသရွေ့ ရယူခြင်းငှာ မစွမ်းနိုင်။

မှတ်သားစရာစာပေ

အဖေကဗျာ

သား . . အားနာလိုက်တာ . .အဖေ {ကဗျာ}
သား . . အားနာလိုက်တာ .
.အဖေ

(၁)

၁၉၈၄
သာမန်
မထူးခြားတဲ့ နေ့တစ်နေ့
နှင်းတွေ
အေးခဲစွာ ပျံ့ကျဲ
ကျနော်ဟာ ဒီဇင်ဘာ
ရင်ခွင်နဲ့အတူ
လူ့လောကထဲ . . .
ရောက်ရှိခဲ့
ဒီလိုနဲ့ .
.
မျက်စိသူငယ်နားသူငယ်ကောင်လေးရဲ့
အိပ်မက်ဆိုးတွေကို အချိုးချ
နေသား
မကျလိုက်တာ . .အဖေ
ချွေးသံရွဲရွဲ့ နဲ့
(၁)
၁၉၈၄
သာမန် မထူးခြား တဲ့ နေ့တစ်နေ့
နှင်းတွေ အေးခဲ စွာ ပျံ့ကျဲ
ကျနော် ဟာ ဒီဇင်ဘာ ရင်ခွင်နဲ့ အတူ
လူ့လောကထဲ . . . ရောက်ရှိခဲ့
ဒီလိုနဲ့ . .
မျက်စိသူငယ် နားသူငယ်ကောင်လေး ရဲ့အစပါကွယ်
အဆင်မပြေမှု နဲ့ အိပ်မက်ဆိုးတွေ ကို အချိုးချ
နေသား မကျ လိုက်တာ . .အဖေ
ချွေးသံ ရွဲရွဲ့ နဲ့ အိပ်မက်တိုင်း မှာ မိသားစု အတွက်
ရက်ဆက် မပြတ် ကြိုးစားမှုတွေ ထက်
ဘာတွေ ကများ တန်ဖိုးရှိ ဦးမလဲ
( ၂ )
သား . .သွား . .ဝေးဝေး မှာ သွားဆော့စမ်း
ဂရုဏာ တရားနဲ့ အဖေ့ ခြိမ်းခြောက် မှုအောက်
ကျနော် ကျပျောက်ခဲ့သော . . . အသိ တရားမှာ
အရာရာ . . မိုးနဲ့မြေ
တရားနဲ့ မဖြေနိုင်သေး
မမေ့နိုင်တဲ့ အတိတ် ခါးခါးထဲ
ကျနော်ခွေယိုင် လုဆဲ . .
အဖေ့ကမ်းလက် . ..
ရက်ဆက် မပြတ် သတိရတယ် အဖေ
ငါ့သားကြီး အတွက် . . ဘိုအုန်းသီး စက်ဘီးတဲ့
အဖေက တည်ငြိမ်တယ်
အဖေက ရင့်ကျက်တယ်
အဖေက သားဆိုး ကိုခွင့်လွှတ်တယ်
ကျနော် ကတော့ ကိုယ့်ကိုယ်ကိုယ် ခွှင့်လွှတ်သင့်လား
ဖြေပါ အဖေ
(၃)
ဟေ့ . .ငါ့သား ၄ ဘာသာ နဲ့ ဂုဏ်ထူးကွ
ဂုဏ်ယူ ၀င့်ကြွား
အေ့ဖကို သား . .အားနာ လိုက္တာ အေဖ
သားပြော သမျှကို နာခံ
သားလို သမျှကို ဖြည့်ဆည်း
အခုတော့ . .
သံသရာမှာ ခရီးရှည်ကြီး ထွက်သွားခဲ့ပေါ့ . . .
ညှိုးနွမ်းမှုနဲ့ အဖေ့မျက်နှာ မှာ စကြ၀ဋ္ဌာ လောက် အားမာန်တွေ ရှိတယ်
ငြိမ်းအေးမှု နဲ့ အဖေ့ သွင်ပြင်မှာ ပင်လယ်ကြီးလောက် မေတ္တာ တရားတွေရှိတယ်
ရင့်ကျက် မှုနဲ့ အဖေ့ စကားသံတွေ မှာ ကောင်းကင်ကြီးလောက် ကျယ်ပြန့်် နက်ရှိုင်းတယ်
ဘာတွေ နဲ့ ဖြည့်ဆည်းရဦးမလဲ အဖေ . . .
(၄)
အဖေ လိုသမျှ သား . .ဖြည့်ဆည်းပေးနိုင် ခဲ့ရဲ့လား
အဖေ မှန် သမျှသား . . လိုက်မှန်နိုင်ခဲ့ ရဲ့လား
အဖေ့လို တရား နဲ့ ဓမ္မ ချိန်ခွင်အောက်
သား. . လျှောက်လှမ်းနိုင် ရဲ့လား
အခုတော့အဖေ . .
နေရိပ် ထဲက နေပူရောက်သွား သလိုမျိုး
လေပြည် ထဲက မုန်တိုင်း တိုက်သွား သလိုမျိုး
အရုပ်ကြိုးပျက်
သား ညတွေ . .နက် သထက် နက်လာပြီပေါ့ အဖေ
အဖေ က သွေးအေးတယ်
သားကို ချစ်လိုက်တာ လို့ ယုယမှု မရှိဘူး
ကျနော် က လည်းသွေးအေးတယ်
အဖေ့ ကို ချစ်လိုက်တာ လို့ ထွေးပွေ့ မှု မရှိဘူး
အဖေနဲ့ သားကြား ဘယ်လို စကားတွေကများ
ချစ်ခြင်းမေတ္တာ ကို ဖော်ကြူးနို င်မတဲ့လဲ
မလိုပါဘူး အဖေ . .
သံသရာ အဆက်ဆက် ကျနော် တို့ပြန်တွေ့ကြဦး မှာပေါ့
(၅ )
ငါ့သားကြီးလာရင် ဘာဖြစ်ရမယ် ဆိုတာထက်
ငါ့သားကြီး လာရင် လူပီသရမယ် ဆိုတာပဲ အဖေ သင်ပေးခဲ့
လောဘ ဒေါသ မောဟ ကိုပယ်
သား အတွက်ဆို ပီတိ ကိုစားသုံး
အခုတော့ အဖေ လူလုံး မှ လှခဲ့ရဲ့ လား
သား . .
အားနာလိုက်တာ အဖေ
အဖေ က သစ္စာဒီပက ယောဂီ
ဝိပဿနာကို ပွားများ
တရား ကိုမြင်ရင် ခန္ဓာကို စွန့်ရသတဲ့
မြင့်သထက်မြင့်တဲ့ ဘုံဘ၀ ကိုရောက်ဖို့များ
အဖေ ဒီခရီးကို သွားခဲ့သလား
သား . . . မှားနေခဲ့ တာလား အဖေ
(၆ )
ကျနော့် ဆီမှာ ၂ ပေမီးချောင်းလေး ရှိတယ်
၎ ပေ မီးချောင်းလေးပြောင်းတပ်တော့ အဖေကပြောတယ်
အခန်းက လင်းလွန်းတယ် ကွာတဲ့ . .
ကျနော့် ဆီမှာ ရိုးရိုး စက်ဘီးလေး တစ်စီး ရှိတယ်
ဂီယာနဲ့ ဘီးလေး ပြောင်း လိုက်တဲ့ အခါ အဖေကပြောတယ်
ငါက ရိုးရှင်း တာပဲကြိုက်တာကွာ . .တဲ့
ကျနော့်ကြမ်းခင်းပြောင် သလင်းမှာ
ကော်ဇောလေး ထပ်ခင်း မိတဲ့အခါ အဖေကပြောတယ်
ငါက အေးမြ တဲ့ သင်ဖြူး ဖျာလေး ပဲကြိုက်သတဲ့
ကျနော့် ဆီမှာ ချစ်ခြင်း တရားတွေရှိတယ်
အဖေ့ ကို ထုတ်ဖော် မပြ
အဖေက . . .သူမြင်နိုင်ပါတယ် တဲ့
လောကကြီး ကလည်း မတရား လိုက်တာ အဖေ
(၇)
သေသူ ကို ရှင်သူ တို့ မျက်ရည်ခ တဲ့ပွဲ
သွားသူ ကို ကျန်သူ တို့ နှုတ်ဆက် တဲ့ပွဲ
ထားသူ ကို နေခဲ့ သူတို့ လက်ပြသူ တို့ပွဲ
ပကတိ ဆိတ်ငြိမ်မှု နဲ့ကျနော့် ရင်ထဲ
အဖေနဲ့ အတူ တစ်ခရီးတည်း သွားချင်လိုက်တာ . .
တရားရှာ ကိုယ်မှာ သိသတဲ့
အမှား ရှာရင် အမှန် မှာတွေ့ သတဲ့
အဖေချပြသွား တဲ့ မြေပုံလမ်းညွှန် မှာ
သား . . အယောင်ယောင် အမှားမှား
ဆူးနဲ့ ခလုတ်ကို နင်းချ
ဒီ ဘ၀ဟာ ဒါဏ်ရာတွေ ပရပွနဲ့
အဆင်သင့် မဖြစ်သေးခင် နိဂုံး ချုပ်ရ
အို . .ခါးလိုက်တာ . . အဖေ
(၆)
သွားပါတော့လို့ မနှင်ရက်
ထားပါတော့ လို့မပြောရက်
ဒီ ရက်နဲ့ ဒီမနက်တိုင်း မှာ
နေ့တာ ကလည်းရှည်တယ်
ပြဿဒါး ဟာ နတ်ဆိုး ဆန်တယ်
နာရီ တိုင်းဟာ သုဿန် ဆန်တယ်
မီးခိုးခေါင်းတိုင်ဖြူဖြူမှာ
သင်္ခါရ တရား ဟာ လှပစွာပဲ
ကျနော့် ကို ငြိမ်သက်ဆွံ့အ သွားစေတယ်
တစ်နေ့တော့ပြန်ဆုံ ကြရ မှာပေါ့ အဖေ
သံသရာ ဆိုတာ ရှည်ပါတယ်
လူ့လောကီ ဘုံ ဘ၀မှာ
ကျနော်တို့ကြုံရ သမျှဟာ
အခွံချည်း သက်သက်
အငှား ခန္ဓာ တွေနဲ့
အငှား အယောင် အဆောင်တွေ ဟာ
တစ်နေ့တော့ ထားခဲ့ ရမှာ ပ . .
ကျနော် နားလည်ပါတယ် အဖေ . .
(၇)
သေခြင်း ဆိုတာ အဆုံးသတ် မဟုတ်
အစ တစ်ခု ရဲ့ နိဂုံး ပိုင်းသာဖြစ်တယ်
သေခြင်း ဆိုတာ အမှောင် ထု မဟုတ်
အလင်း တစ်ခုရဲ့ အာရုဏ် ဦး သာဖြစ်တယ်
သေခြင်း ဆိုတာ ငိုကြွေးခြင်း မဟုတ်
ပြီးဆုံးခြင်း အတွက် ငြိမ်သက် တိတ်ဆိတ်ခြင်း သာဖြစ်တယ်
အဖေသေ သွားတော့ ဘာများ ပါသွား သလဲ
ကျနော်သေသွား လည်း ဘာများ ပါလာမလဲ
ရှင်စဉ် ဘ၀က ပြုခဲ့သမျှ
အကောင်း အဆိုး ကုသိုလ် အကုသိုလ် သာ
အရိပ် မကွာ ထပ်ချပ်လိုက်
အသိဥာဏ် ကို အမိုက်မှောင်တော့ မဖုံးပါဘူး အဖေ
(၈)
အဲဒီနေ့လည်ခင်း ဟာ ကောင်းကင်ဖြူဖြူမှာ တိမ်ဖုံး သွားတဲ့အခိုက်
ကျနော့် ကမ္ဘာမှာ တိတ်တိတ် ဆိတ်ဆိတ် ပဲမိုးတွေ ရွာတယ်
မငိုပါဘူး အ ဖေ . . ကျနော် မငိုပါဘူး
ရင့်ကျက် တည်ငြိမ်မှု ကို လိုချင်တဲ့ အဖေ့အတွက်
ကျနော် မငိုပါဘူးအဖေ
ဆင်ခြင် သုံးသပ် လို့ အမှန်တရား ကိုလက်ခံဖို့ အတွက်
ကျနော် မငိုပါဘူးအဖေ
ဘ၀ ဆိုတာ တိုတိုလေးနဲ့ ကပြရတဲ့ ဇာတ်
ကျနော်တို့ အားလုံး မကြာခင် တစ်ခန်း ရပ်ကြရမယ်
သား တွေသမီးတွေ မြေးတွေ အားလုံး ထားခဲ့
တစ်ယောက်တည်း ခရီးဆက်ကြမယ်
သုဿန် တစပြင် မှာ အငှား ခန္ဓာတွေ ထားခဲ့
ပြာပုံ ဘ၀နဲ့ အဆုံး သတ်ကြရမယ်
ဒါဟာ . . ဘ၀ ပါပဲကွယ်
(၉)
သွားနှင့်တော့ အဖေ
နောင် ဘ၀ဆိုတာ ရှိခဲ့ရင်သာ အဖေ့သားပြန်လုပ် ခွင့်ပေး
ကျနော် လိမ္မာပါ့မယ် အဖေ
နောင်ဘ၀ ဆိုတာ သာရှိခဲ့ရင် အဖေ့ သားပြန်လုပ်ခွင့်ပေး
ကျနော့် အတွက် ဂုဏ်ယူ ရပါစေမယ် အဖေ
နောင် ဘ၀ဆိုတာသာ ရှိခဲ့ရင် အဖေ့ သားပြန်လုပ်ခွင့်ပေး
ကျနော် မြေ၀ယ် မကျ နားထောင်ပါ့မယ် အဖေ
နာရီတွေ က အချိန်မှန် ပါပဲ
မနက်နေ့ည လည်း အချိန်မှန် ပါပဲ
နွေမိုးဆောင်း ကလည်း အချိန်မှန် ပါပဲ
လူတွေ ကလည်း သေဆုံးနေကြ ဆဲ
လူတွေ ကလည်း မွေးဖွားနေကြ ဆဲ
လူတွေ ကလည်း ရှင်သန်နေကြ ဆဲ
စောလည်း မစော နောက်လည်း မကျ
ဒီ ခရီးက သွားတော့ သွားရမှာ ပါပဲ
လစ်ဟာ သွားတဲ့ ကွက်လပ် တစ်ခု အတွက်
အဖေ နှစ်သက် တဲ့ . . တရား ဓမ္မ တွေနဲ့
သား ဆက်လက် ရှင်သန်နေဦး မှာပါ အဖေ . . ။

သက်တန့်ချို

ပညာဗဟုသုတ ကဗျာစာပေ

ဒီဘလော့လေးကိုတော့
အမှတ်တရ စာပေ ကဗျာ 
မှတ်သားစရာစာပေများ သာ